Wednesday 27 July 2011

အိန္ဒိယနိုင်ငံရေး အခြေအနေ

အိန္ဒိယ၌ ၁၈၉၉-ခု ဘုရင်ခံချုပ်အဖြစ်ဖြင့် လော့ကာဇင် ရောက်လာခဲ့ရာ အုပ်ချုပ်ခန့် ခွဲမှုတွင် အလွန်တော်သည်ဆိုပြီး နှစ်နှစ်တိုးတတ်ခန့်ထားခြင်း ခံရသည်။

၎င်းဘုရင်ခံချုပ်က ၁၉၀၄- ခုနှစ်တွင် ဘင်္ဂလားနယ်ကိုအရှေ့နှင့်အနောက် နှစ်ပိုင်းခွဲခြားလိုက်ရာက ဘင်္ဂလားမှ အမျိုးသားတို့ မခံမရပ်နိုင်၍ ဆူပွက်လာကြသည်။ 

ထိုအချိန်၌ ဒေါက်တာ ရာဘင်ဒရာနတ်သ်တဂိုးနှင့်စိအာဒေတ်(စ်)ဆိုသော ပညာရှိပုဂ္ဂိုလ်ကြီးနှစ်ဦးက ခေါင်းဆောင်လျက် ဆူပွက်ကန့်ကွက်လာကြရာ ပညာတတ်ပုဂ္ဂိုလ် အများကပင်လျှင် ထိုအရေးကိစ္စအတွက် ရွတ်ရွတ်ချွန်ချွန် ဆောင်ရွက်လာကြသည်။

အမျိုးသားကောလိပ်တစ်ခုကို တည်ထောင်ကြရာ ဗင်နိုဂိုရှ် ဆိုသည့် အိုင်စီအက်စ် အရာရှိကြီးတဦးက အလုပ်မှ ထွက်ပြီးလျှင်ကျောင်းအုပ်ကြီးအဖြစ်ဖြင့် ဆောင်ရွက်၍ ထိုကောလိပ်တွင် အရှင် ဥတ္တမကပါဋ္ဌိနှင့် ဗုဒ္ဓဘာသာကို မိမိစွမ်းဆောင်နိုင်သလောက် ပြသခြင်းဖြင့် ကူညီဆောင်ရွက်လေသည်။ 

သို့ဆောင်ရွက်ရင်းဖြင့်ပင် သက္ကဋ၊ သင်္ဂလီ၊ နာဂရီစသောရှေးဟောင်း ဟိန္ဒူကျမ်းစာ တို့ကိုသင်ကြားပြန်သည်။ 

ထိုကျောင်း၌ ပါဋ္ဌိပရော်ဖက်ဆာအဖြစ် ဆောင်ရွက်နေစဉ်ပင် အမျိုးသားအတွက် ဆောင်ရွက်လိုစိတ် ပြင်းပြလာပြန်၏။ 

အိန္ဒိယအမျိုးသားတို့ကား တဆင့်ထက် တဆင်တက်၍ မိမိတို့တိုင်းပြည်အတွက် ရသင့်ရထိုက်သောအခွင့်အရေးတို့ကို တောင်းဆိုလာကြရာ ပြောက်ကျားနည်းဖြင့် အစိုးရဌာနတို့ကို ဖြိုခွင်းတိုက်ဖျက်ရပင်ကြိုးစားကြပြီးလျှင် လျှို့ဝှက်သူပုန်အသင်းများကိုတည်ထောင်ကြသည်ဖြစ်ရာ အတော်များများပင် ဖမ်းဆီးအပြစ်ပေးခြင်းခံရခဲ့သည်။

Tuesday 12 July 2011

အိန္ဒိယနိုင်ငံရေး အခြေအနေ

           ဗမာ့နိုင်ငံရေးစလာခဲ့ပုံ
     
   ထိုအချိန်ကပင်လျှင် ဗမာများမှာလည်း နိုင်ငံရေးကိုပြင်းပြင်းထန်ထန်ပင် မဆောင်ရွက်ကြသေးစေကာမူ နိုင်ငံရေးကို အခြေပြုပေးလိုက်သော ၀ိုင်၊ အမ်၊ ဘီ၊ အေ အသင်းများကား စလျက်ရှိနေပြီး ဖြစ်သည်။
        ဘာသာရေးအသင်းများဟူ၍ ၁၈၉၇ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၅၉-ခုနှစ်) တွင်မန္တလေး၌ ဗုဒ္ဓဘာသာ နုဂ္ဂဟအသင်းဟူ၍ ဖွင့်ကြပြီးလျှင် သာသနာရေးသက်သက်ကို ဆောင်ရွက်ကြသည်။ 
၉-နှစ်လောက်ကြာပြီး ၁၉၀၆- ခုနှစ်တွင် ၀ိုင်အမ်းဘီအေအသင်းကို ရန်ကုန်မြို့တွင် စတင်ဖွင့်ရာ ဦးဘဖေ (ယခု ဘကြီးဖေ) ဦးမောင်ကြီး (အမ်အေ) နှင့် ဦးစိန်လှအောင် (၀တ်လုံတော်ရ) တို့က ဦးစီးခေါင်းဆောင်ကြသည်။ 

၁၉၀၈-ခုနှစ် ၎င်းဝိုင်အမ်ဘီအေ အစည်းအဝေးကို ကျုံးကြီးလမ်း မင်းကြီးကတော် ဒေါ်မြမေကောင်းတွင် ကျင်းပရာ စာတော်ပြန်မြို့အုပ် ဦးဘက ဥက္ကဌအဖြစ် ဆောင်ရွက်ပြီးလျှင် နယ်များ၌လည်း ဖွင့်လှစ်ရန်လိုအပ်သည်ဟု  ဆုံးဖြတ်ကြလျှက် ပညာဝန်ထောက် ဦးမုံနှင့် ၀တ်လုံတော်ရ ဦးမေအောင်တို့က နယ်သို့ထွက်ပြီး ဆောင်ရွက်ကြ၍ အလင်းများအတော်အသင့် တိုးတက်လာခဲ့လေသည်။